မေတ္တာရိပ်ကျန်းမာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်ပြီး ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံ ရှိ ငွေကြေးမတတ်နိုင်သော လူနာများအား ဆေးဝါးကုသမှုနှင့်ဆိုင်သော ကူညီထောက်ပံမှုများကို ဆောင်ရွက်ခဲ့ပါသည်။
ဇန်န၀ါရီလ ၂၀၀၅ ခုနှစ်မှ အောက်တိုဘာလ ၂၀၀၆ ခုနှစ်အထိ လူနာပေါင်း ၆၉၈ ဦးအား ဆေးဝါးကုသမှုကို ၁၇၆၃၉၈၃၃ ကျပ် အထိ လှုဒါန်းနိုင်ခဲ့သည်။
ထို့အပြင် မေတ္တာရိပ်ကျန်းမာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် လေးကျွန်းမာန်အောင်ဖောင်တော်ဦးစေတီ ရှိရေကြည်ဦး ဘုန်းတော်ကြီးကျောင်းအနီးရှိ ပုသိမ်တိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများအား ဆေးဝါးကုသမှုနှင့် ဆိုင်သော ကူညီထောက်ပံ့မှုများကိုလည်း ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ မှစတင်လုပ်ဆောင် နိုင်ခဲ့သည်။
အဖွဲ့အနေဖြင့် မြင့်မြတ်သော လူမှုရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အမြဲတမ်းအဖွဲ့ဝင်များနှင့် ပူးပေါ်င်းဆောင်ရွက်လိုသူများကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။
ဂရုဏာအပြည့်ဖြင့်လှုဒါန်းသော အလှုရှင်များ၏အလှုငွေများကို ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံ နှင့် ပုသိမ်တိုင်းရင်းဆေးရုံ တို့တွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအားထောက်ပံ့ရာတွင် အသုံးပြုပြီး လစဉ်အလှုရှင်စာရင်းနှင့် လစဉ်အသုံးစရိတ်စာရင်းရှင်းတမ်းများ ကို လည်းလက်ကမ်းစာစောင်များကိုလည်း အမြဲထုတ်ဝေပေးလျက်ရှိတယ်။
မေတ္တာရိပ်ကျန်းမာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ၏ဆောင်ရွက်ချက်များမှာ-
၁. သံဃာတော်များ၊ သီလရှင်များ နှင် ဆင်းရဲနွမ်းပါးသောသူများအား အခမဲ့ဆေးဝါးကုသပေးခြင်း။
၂. သဘာဝ ဘေးဒါဏ် ကြောင့်ဖြစ်သော ဒုက္ခသည်များအားလူသားချင်းစာနာထောက်ထားသော အကူအညီများပေးခြင်း။
၃.စေတနာ့ဝန်ထမ်းဆရာဝန်များက ဘုန်းတော်ကြီးကျောင်းများတွင် စာသင်သားသံဃာတော် များကို လစဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း။
၎. အသည်းရောင်အသားဝါရောဂါ နှင့် အခြားရောဂါများ ကိုလည်းရောဂါအဖြစ်များသောရာသီများတွင် ဘုန်းတော်ကြီးကျောင်းများတွင် အခမဲ့ကာကွယ်ဆေးများထိုးပေးခြင်း။
၅. မျက်စီဝေဒနာရှင်များကို အခမဲ့ မျက်စီခွဲစိတ်ကုသပေးခြင်း။
မေတ္တာရိပ်ကျန်းမာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် ၂၀၀၈ ခုနှစ်၊ မေလ ၈ ရက်နေ့ကလေဘေးသင့်ဒေသများသို့ သွားရောက်ပြီး ဆန်၊သောက်သုံးရေ၊ဆေး နှင့် လူသားချင်စာနာထောက်ထားသောအကူအညီများ ကိုပေးအပ်ခဲ့သည်။
အသင်း၏သေးစိတ်ဆောင်ရွက်ချက်များကို MRTV-4 နှင့်မေးမြန်းထားသည်များကိုကြည်ရှုနိုင်ပါသည်။
No comments:
Post a Comment