ကျွန်ုပ်တို့ မေတ္တာရိပ် အဖွဲ့ သည် နာဂစ်စ်မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ (၁၃.၇.၂၀၀၈) ရက်နေ့ တွင် ဆန်၊ ရေသန့် နှင့် ဆေးဝါးများ လှူဒါန်းရန် အတွက် နောက်တစ်ကြိမ် သွားရောက်ခဲ့ကြ ပါသည်။ ဤခရီးစဉ်တွင် "Online Donation Youth" ၊ MCP ( Myanmar Compassion Project ) နှင့် မေတ္တာရိပ် အဖွဲ့ သားများ စသည့် အဖွဲ့ အစည်းသုံးဖွဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ ပါသည်။
ဆောင်ရွက်သည့်ဒေသ
ငပုတောမြို့ နယ်အတွင်းရှိ အင်္ဂတေရွာ နှင့် ၄င်းအနီးတစ်ဝိုက်ရှိ ကျေးရွာများ
လှူဒါန်းခြင်း
ဆန်အိတ် (၉၆) အိတ် ၊ ငါးခြောက် (၁၁၄) ပိဿာ ၊ ငါးခြောက်မှုန့် ပိဿာ (၁၀၀) ၊ မိုးရေကာဖျင် ကိုက် (၁၀၀၀) ၊ ဒန်အိုး (၄၀ စင်တီမီတာ) အလုံး (၄၀၀) ၊ဇွန်း (၃၆) ဒါဇင် ၊ နို့ မှုန့် အိတ် (၁၀၀) ၊ ခြင်ထောင် အသစ် အလုံး (၁၈၀) ၊ ခြုံစောင် အသစ် (၂၀၀) ၊ ကျားဝတ်လုံချည် အသစ်အထည် (၁၀၀) ၊ ဆပ်ပြာပါကင် (၃) ပါကင် နှင့် အခြားအိမ်သုံးပစ္စည်းများ
သို့ ပေမယ့် ၄င်းဒေသများအတွင်း၌ ကျွန်ုပ်တို့ ဒုက္ခသည် များသည် ဒီထက်မကသော လှူဒါန်းမှုများကို လိုအပ်နေဆဲဖြစ်ပါသည်။
ဆေးဝါးကုသမှု နာဂစ်စ်ဆိုင်ကလုန်းမုန်တိုင်းဒါဏ်ခံရသော အိမ်ခြေ (၅၅၈) အိမ်မှ လူများကို ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပေးခဲ့ပါသည်။ (MCP) ဆေးဝါးကုသရေးအဖွဲ့ သည် နာမကျန်းသူ ထိခိုက်ဒါဏ်ရာရသူ ဒုက္ခသည်လူနာ (၂၂၅) ယောက်ကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ပါသည်။
လှူဒါန်းမှုတန်ဘိုး
မြန်မာကျပ်ငွေဖြင့် ခန့် မှန်းခြေ သိန်းပေါင်း ကျပ် တစ်ရာ (၁၀၀၀၀၀၀၀ ကျပ်)
ဒုက္ခသည်လူနာများအားကူညီစောင့်ရှောက်ရန် MCP အဖွဲ့ မှ ဆရာဝန် (၂) ယောက် ၊ သူနာပြု (၂) ယောက် အပါအ၀င် Online Donation Youth အဖွဲ့ နှင့် မေတ္တာရိပ် အဖွဲ့ သားများ ပါဝင်သော စုစုပေါင်း (၁၉) ယောက်သွားရောက်ခဲ့ကြပါသည်။
No comments:
Post a Comment