မေတ္တာရိပ် အဖွဲ့ သည် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ရန် အတွက် နာဂစ်စ်မုန်တိုင်းဒါဏ်ခံရသည့်ဒေသများအတွင်း သို့ (၂၈.၅.၂၀၀၈ မှ ၁.၆.၂၀၀၈ ထိ) ငါးရက်တာသွားခဲ့ကြသည်။
ဆောင်ရွက်သည့်ဒေသ
လက်ပွတ္တာမြို့ နယ်အတွင်းရှိ ဘီတွက်နှင့် ၄င်းအနီးတစ်ဝိုက်ရှိ ကျေးရွာများ (၄င်းခရီးစဉ်သည် ဤဒေသများအတွင်း၌ ဒုတိယမြောက်ခရီးစဉ်ဖြစ်သည်)
လှူဒါန်းခြင်း
ဆန်အိတ် (၁၅၀) အိတ်၊ မတ်ခွက် (၅၀၀) ခွက်၊ ဇလုံ (၇၀၀)၊ ပန်းကန်ပြား (၂၀၀)၊ ဇွန်း (၁၀၀၀) ချောင်း၊ စောင် အထည် (၅၀၀)၊ ခြင်ထောင် အလုံး (၂၀၀)၊ အ၀တ်အစား (၄၃) ထုပ်၊ ဆား (၃၉) အိတ်၊ မိုးရေကာဖျင် ကိုက် (၃၀၀)၊ ဆေးမျိုးစုံ (၇) ထုပ် နှင့် ရေသန့် ဘူးများ
သို့ ပေမယ့် ၄င်းဒေသများအတွင်း၌ ကျွန်ုပ်တို့ ဒုက္ခသည် များသည် ဒီထက်မကသော လှူဒါန်းမှုများကို လိုအပ်နေဆဲဖြစ်ပါသည်။
ဆေးဝါးကုသမှုမုန်တိုင်းဒါဏ်ကြောင့်မနာမကျန်းသူ၊ထိခိုက်အနာတရ ရသူ
(၂၈၀) ခန့် ကို ဆေးဝါးကုသမှူများပေးခဲ့ပါသည်။
လှူဒါန်းမှုတန်ဘိုး
မြန်မာကျပ်ငွေဖြင့် ခန့် မှန်းခြေ သိန်းပေါင်း ကျပ် တစ်ရာ့နှစ်ဆယ် (၁၂၀၀၀၀၀၀ ကျပ်)
Photo Gallery of during this trip
လမ်းတလျှောက်က မုန်တိုင်းဒါဏ်သင့် ကျေးရွာတွေ
လှေခေါင်းမိုးပေါ်က မေတ္တာရိပ် ရဲ့ စေတနာဝန်ထမ်းတွေ
ကုန်းပေါ်ရောက်ဖို့ ဆိုတာ ဒီလို ထမ်းတင်မ ရောက်တာ
အိမ်မက်မဟုတ်တဲ့ ပျက်သုန်း မှု တွေကြားက အဘွားအို တစ်ယောက်
ခိုနားရာမဲ့ ခဲ့ရတဲ့ ကလေးငယ်တွေ (သို့) အနာဂတ်မဲ့ ဘဝလေးတွေ
ယာယီ ဒုက္ခသည် စခန်းတစ်ခုက သားအမိ
ဘုန်းဘုန်းထံ လှူဒါန်းနေစဉ်
ဝေခြမ်းဖို့ရာ ပြင်ဆင်နေစဉ်
စားစရာများကို ဒုက္ခသည်များထံ တိုက်ရိုက်ဝေငှ နေစဉ်
ပန်းကန်း၊ဖိနပ် နှင့် အသုံးအဆောင်များ ဝေခြမ်းနေပုံ
No comments:
Post a Comment