Sunday, May 23, 2010

မေတ္တာရိပ် နှင့် မြန်မာများ အတွက် မြန်မာ

မြန်မာများ အတွက် မြန်မာ အဖွဲ့မှ လှူဒါန်းသော ငွေကျပ် ၁၀သိန်းတိတိကို ၂၁.၀၅.၂၀၁၀ နေ့ကလက်ခံ ရရှိခဲ့ပါသည်။ မေတ္တာရိပ်မှ လှူဒါန်းသူတို့ရဲ့ ဒါနများ အကျိုးရှိစေရန် ရေအခက်အခဲ ရင်ဆိုင်နေရသော ဒေသများတွင် လတ်တလော ရေအခက်အခဲ အတွက် ရေလှူဒါန်းခြင်း၊ ပုံမှန် ရေလည်ပတ်စေရန် အတွက် ခန်းခြောက်လျှက်ရှိနေသော ကွင်းကလေး၊ မရမ်းကွင်း၊ ကနုကမာ ရွာများရှိ ရေချိုကန်များကို ပြန်လည် တူးဖော်ပေး နေပါသည်။ ၂၃.၀၅.၂၀၁၀ အထိ ရေတကန် အတွက် ကုန်ကျစရိတ်မှာ ၅ သိန်း ဝန်းကျင် ရှိသော ရေကန်များကို ကွင်းကလေး၊ မရမ်းကွင်း၊ ကနုကမာ ရွာများတွင် ရေကန် ၂ကန်ကို အောင်မြင်စွာ ပြန်လည်းတူးဖော်ပြီးခဲ့ ပြီးပါပြီ။ ထိုအပြင် ရေဂါလံပေါင်း နှစ်သောင်းနှစ်ထောင့်လေးရာ့ရှစ်ဆယ် ( ၂၂၄၈၀ ) ကိုလှူဒါန်း ခဲ့ပါသည်။ မြန်မာများ အတွက် မြန်မာ ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Wednesday, May 19, 2010

ဗုဒ္ဓ ဓမ္မ သံဃာ့ လောကအသင်းကြီး (Lotus Foundation) နှင့် မေတ္တာရိပ်တို့၏ ရေအလှူ

Louts Foundation အသင်းသည် ပုသိမ်မြို့မှ မေတ္တာရိပ် ရဲ့ တာဝန်ခံ ဦးမြင့်စိန်ကို ဆက်သွယ်ခဲ့ပါသည်။ မေတ္တာရိပ် မှ တာဝန်ခံ တဦးဖြစ်သူ ဦးဇော်ထွန်းခိုင် မှ ဦးဆောင်ပြီး ဟိုင်းကြီးကျွှန်းအနောက်ဖက် မရမ်းကွင်း၊ ကုန်းတန်း၊ ကနှကမာ စတဲ့ အလှူရှင်များများ မရောက်နှိင်တဲ့ ဒေသတွေမှာ ရေချိုတွေ ကို ရေဂါလံ ၂၄၀ ဆံတဲ့ ပေပါတွေနဲ့ သယ်ပြီး အရောက်ပေးပို့လှူဒါန်းလျှက်ရှိပုံနှင့် လက်ရှိကျန်းမာရေး ကူညီပေးမူ လုပ်ငန်းဆောင်တာများကို ရှင်းပြခွင့်ရခဲံသည်။ Lotus Foundation အနေဖြင့် စကာင်္ပူရောက် မြန်မာမိသားစုတွေ စုပေါင်းလှူဒါန်းသော အလှူငွေများကို မြန်မာပြည်အနှံ လှူဒါန်းလိုသောကြောင့် မေတ္တာရိပ် ရဲ့ ဆောင်ရွက်ချက်တွေမှာ ပူပေါင်းပါဝင်နိုင်ရန် (၁၉.၀၅.၂၀၁၀) တွင် မြန်မာငွေကျပ် သိန်း(၂၀) ကျပ်တိတိစီကို မုံရွာမြို့နှင့် အနီးတဝိုက်တွင် လတ်တလောဖြစ်ပေါ်နေသော ရေဘေးဒုက္ခအန္တရာယ်ကို ကျော်လွှားနိုင်ရန် အတွက် အလှူငွေပေးပို့ လှူဒါန်းခဲ့ပါသည်။

မေတ္တာရိပ် မှ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆို၍ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း နှင့် နတ် လူ ဗြဟ္မာ သာဓုခေါ်နိုင်စေရန် မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။

မေတ္တာရိပ် အသင်း



မေတ္တာရိပ် မှ အလှူငွေ လက်ခံဖြတ်ပိုင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Tuesday, May 18, 2010

ပူပြင်းခြောက်သွေ့သော ဟိုင်းကြီးကျွန်းနှင့် မေတ္တာရိပ်၏ ရေအလှူ

ပုသိမ်မြို့ မေတ္တာရိပ် အဖွဲ့မှ လွန်ကဲလှသော အပူချိန်မြင့်မားမှုကြောင့် သောက်ရေကန်များ ခမ်းခြောက်ကုန်ကာ ရေအခက်အခဲ ကြုံတွေ့နေရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ဟိုင်းကြီးကျွန်း နဲ့ အနီးတဝိုက် ရွာများဖြစ်သော မရမ်းကွင်း၊ ကုန်းတန်း၊ ကနှကမာ စတဲ့ အလှူရှင်များများ မရောက်နှိင်တဲ့ ဒေသတွေမှာ ရေချိုတွေ ကို ရေဂါလံ ၂၄၀ ဆံတဲ့ ပေပါတွေနဲ့ သယ်ပြီး အရောက်ပေးပို့ လှူဒါန်းမှုပြုခဲ့ ပါတယ်။လက်ရှိ အနေဖြင့် 17,18 May မှာ first trip သွားခဲ့ပြီး ရေဂါလံပေါင်း 6480 ကိုလှူဒါန်း နိုင်ခဲ့ပါတယ်။ Further Activities အနေဖြင့် ထိုရွာများရှိ ခြောက်သွေ့ ပျက်စီးနေသော ရေချိုကန်များ ပြန်တူးရန် စီစဉ်လျှက် ရှိနေပါသည်။ ပျက်စီးနေသော ရေချိုကန်များကို အောက်က ဓါတ်ပုံများတွင်ကြည့်နိုင်ပါသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်ကန်ကို ၅ သိန်းဝင်ကျင် ရှိနိုင်ပါသည်။














Drying fresh water pool in Kanukamar Village. (above photo)














Drying fresh water pool in Maekheye Village. (above photo)














Drying fresh water pool in Maekheye Village. (above photo)
အထက်ပါပုံများသည် ရွာများရှိ ပျက်စီးနေသော ရေချိုကန်များဖြစ်ပါသည်။















Trip to Kanukamar Vige. (above photo)















ပေပါတွေဖြင့် ရေချိုတွေ သယ်နေကြပုံ(Trip to Kanukamar Vige. (above photo))















ရေကန်များ ပြန်တူးနေကြပုံ (Digging pool at Saarphogyi village. (above photo))
















Collecting fresh water at Haingyi. (above photo)




















ရေကြည်တပေါက် အတွက် (Fresh water pool of saarphogyi village. (above photo))






















Drying fresh water pool in Kanukamar. (above photo)

ထိုရေချိုကန်များ ပြန်လည်တူးဖော်ရာတွင် စေတနာ တတ်အားသ၍ ပါဝင်လှူဒါန်းချင်ကြသော အလှူရှင်များအား မေတ္တာရိပ်မှ ကြိုဆိုလျှက် ရှိပါတယ် ခင်ဗျာ။

Announcement

  • # မေတ္တာရိပ် ရဲ့ "Cyclone Relief Aid" ခရီးစဉ်တွေမှာ ပါဝင်ကူညီဆောင်ရွက် ပေးနေသော "Myanmar Compassion Project" နှင့် "On Line Youth Donation" အား မေတ္တာရိပ် အဖွဲ့မှ အထူးကျေးဇူးတင်ပါသည်။ တခြားသော အလှူရှင်များအားလုံးကိုလည်း မေတ္တာရိပ် အဖွဲ့မှ အထူးကျေးဇူးတင်ပါသည်။
  • # မြင့်မြတ်သော လူမှုရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အမြဲတမ်းအဖွဲ့ဝင်များနှင့် ပူးပေါ်င်းဆောင်ရွက်လိုသူများကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။
  • # DONATION HOTLINE : +95 09 8552241, +95 09 5201168

Current activities for relief aids to Cyclone ( Nargis ) hit areas

  • * Seventh trip went down on 13 June 2008 to 17 June 2008 about 5 days to Ingatay village and surrounding hamlets in Ngaputaw Township. In this trip, "MCP(Myanmar Compassion Project)" and "Online Donation Youth" have joined and supported to MTY for medical care and other aid.
  • * Sixth trip went down on 07 June 2008 to 10 07 June 2008 about 4 days to Cyclone (Nargis) hit areas. This trip was only mobile clinic and participated medical team of Myanmar Compassion Project (MCP).
  • * Fifth trip went down on 29 May 2008 to 31 May 2008 about 3 days to Ohnchaung, Thaungalay and surrounding villages. In this trip, Myanmar Compassion Project have joined and supported to MTY for medical care and other aid.
  • * Fourth trip went down on 28 May 2008 to 01 June 2008 about 5 Days for relief aids to the disaster-zone such as Betut and surrounding villages in Labutta Tps. It's Second time to that area.
  • * Third trip went down on 20 May 2008 to 23 May 2008 about 4 Days for relief aids to Cyclone ( Nargis ) hit areas.
  • * Second trip went down on 15 May 2008 with 20 members and 30 volunteers to the disaster-zones.
  • * The group went down to the disaster-zones on 8 May 2008 in order to donate rice, water, medicine and to give humanitarian aids to cyclone victims. First group return back on 11 May 2008 and second group back on 12 May 08.