မေတ္တာရိပ် မှ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆို၍ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း နှင့် နတ် လူ ဗြဟ္မာ သာဓုခေါ်နိုင်စေရန် မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။
မေတ္တာရိပ် အသင်း
မေတ္တာရိပ် မှ အလှူငွေ လက်ခံဖြတ်ပိုင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို့မှာ
ဝမ်းနည်းခြင်း ပန်းခွေတွေထက်
မီးဖိုတွေ ပိုလိုနေပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
စာနာစကားတွေထက်
စားစရာတွေ ပိုလိုပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
နှစ်သိမ့်အားပျိုးမှုတွေထက်
အိမ်မိုးတွေ ပိုလိုပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
ကြင်နာမှုတေးသွားတွေထက်
ဆေးဝါးတွေ ပိုလိုပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
ထောက်ထားမှု အပြုံးတွေထက်
သောက်သုံးရေ ပိုလိုပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
စုပေါင်း ရှင်ပြုပွဲတွေထက်
စုပေါင်းသင်္ဂြိုဟ်ပွဲတွေ ပိုလိုပါတယ်။
ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
အိပ်စက်ခြင်းထက်
အိပ်မက်တွေ ပိုလိုပါတယ်။
မုန်တိုင်းရဲ.ဒဏ်
အလူးအလဲခံရင်း
သားတွေကသေ
အမေတွေကပျောက်
လမ်းလျှောက်စရာ မြေမရှိ
ရေပြင်အတိနဲ. လူသားတွေ။
အမေမပါ သားကွဲ
အဖေတွေလည်းသေ
ညီအစ်ကိုတွေပျောက်
မိုးပေါက်ကနှိပ်စက်
ညီမအတွက်ငို
ဘယ်လိုမှဆောက်တည်ရာမရ
ထောက်တည်ရာပြပါဆိုလည်းမရှိ
ဘယ်ကိုကြည့်ကြည့်အနိဋ္ဌာရုံ
လွှမ်းခြုံနေတဲ့ ဒုက္ခ
နှုတ်မရတဲ့ ဆင်းရဲတွင်း
လူသားတွေဆင်းခဲ့ပြီ။
ဆင်းရဲတဲ့ ဒုက္ခ
သရုပ်ပြဇာတ်အတွင်း
ထမင်းအတွက် ဌက်ပျောအူ
သဖန်းခေါက်ခွာသူကခွာ
စားစရာတွက်တန်းစီတိုး
အမျိုးမျိုးကြံပေမဲ့
အမှန်ဘ၀မှာတော့
စားရတာတစ်ခါ
မစားရတာကြာ။
ဘယ်ဘ၀ဘယ်လိုနေ
ဘယ်အခြေကိုငါရောက်
ဘယ်စရိုက်နဲ.အသက်ဆက်
အတွေးတောင်မထွက်တော့ပါဘူး
ရင်မောစရာ အသေင်္ချေပါပဲ။
ဒီလိုနယ်မှာ ဒီလိုသေ
ကျန်ခဲ့တဲ့သူတွေကို
မေတ္တာရိပ်အသင်းသား
စဉ်းစားလိုဖေးကူရာ
ဘာသာတွေကိုလေးစား
တရားပြည့်တဲ့ပြည်သူတွေ
အလုပ်တွေတကယ်ကြိုးစား
စီးပွားပြည့်တဲ့သူတွေ
နိုင်ငံအတွက်ကြိုးစား
ရိုးသားစွာကူညီခဲ့။
လေပြင်းမုန်တိုင်း
ဘယ်လိုရိုင်းစေ
ကရုဏာတံတိုင်းနဲ့ကာပါလေ
စားစရာမဲ့သူ နာဖျားသူ
မေတ္တာတရားနဲ့ကူပါလေ။
(၈။၅။၀၈-၁၂။၅။၀၈ ကယ်ဆယ်ကူညီရေးခရီးအမှတ်တရ)
ရှင်ဗောဓိ
Sorry,
It's not wreaths we need
But rather
Stores for Cooking
Sorry,
It's not words of Sympathy we need
But rather
Food to Eat
Sorry,
It's not pet talk we need
But rather
Roofs for Shelter
Sorry,
It's not songs of fellowship we need
But rather
Medical assistance
Sorry,
It's not smiles from sympathizers we need
But rather
Water to drink
Sorry,
It's not no vitiating ceremonies we need
But rather
Collective burials
Sorry,
It's not sleep we need
But rather
Dreams
No comments:
Post a Comment