ဂရုဏာအပြည့်ဖြင့်လှုဒါန်းသော အလှုရှင်များ၏အလှုငွေများကို ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံ နှင့် ပုသိမ်တိုင်းရင်းဆေးရုံ တို့တွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအားထောက်ပံဲ့ပြီး လစဉ်အလှုရှင်စာရင်းနှင့် လစဉ်အသုံးစရိတ်စာရင်းရှင်းတမ်းများကို လက်ကမ်းစာစောင်များဖြင့်လည်း အမြဲထုတ်ဝေပေးလျက်ရှိတယ်။
ယခု ဆိုက်ကလုံး ကာလတွင် ရရှိသောအလှူငွေများကို အောက်ပါအတိုင်း အကျိုးရှိစွာ အသုံးပြုနေပါသည်။
ဒုက္ခသည်များကို ဆေးဝါး၊ အမိုးအကာ၊ အိုးခွက်၊ ပန်းကန်၊ အဝတ်အထည်၊ ဆန်၊ခေါက်ဆွဲခြောက်၊ပေါင်မုန့် နှင့် တခြားအသင့် စားသုံးနိုင်သော အစားအစာများကို ဒုက္ခသည်များ လက်သို့ တိုက်ရိုက်လှူဒန်းခြင်း များကို လုပ်ဆောင်ခဲ့ပါသည်။
ယခင်ကတည်းက ကျန်မာရေး ကူညီစောင့်ရှောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်နေတဲ့ မေတ္တာရိပ်အဖွဲ့ဟာ ခုချိန်မှာ ကူးစက်ရောဂါ ဖြစ်နေတဲ့ကျေးလက် ဒေသတွေထိ သွားပြီး
Volunteer Doctor တွေကိုယ်တိုင် ရောဂါ ကူးစက်ခံပြည်သူတွေကို Medicare တွေ လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို BBC ကလည်း INTERVIEW လုပ်ပြီး သွားပါပြီ။ May 11 (or) 12 , 2008 ထုတ်လွင့်ခဲ့တယ်လို့သိရပါတယ်။
အသင်း၏ ခရီးစဉ် URL များ ကို ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။
No comments:
Post a Comment